28
Feb

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ “ရုံးဝန်ထမ်းများလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅)” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

                       

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ “ရုံးဝန်ထမ်းများလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၄-၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၈-၂-၂၀၂၅ ရက်နေ့ ၁၅:၃၀ နာရီအချိန်တွင် ဦးစီးရုံးချုပ် စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် အရာထမ်းများ အထူးဖိတ်ကြားထားသော မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်   အရာထမ်းများ  တတ်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

ပထမဦးစွာ ယခုသင်တန်းအား အဆင်ပြေချောမွေ့အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးကြသော အရာထမ်း၊ အမှုထမ်းများအား နှင့် ကြိုးစားသင်ယူ ခဲ့ကြေသော သင်တန်းသူများအား  ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေနဲ့ ဦးထိပ်ပန်ဆင်ရမယ့် သစ္စာအဓိဌာန်၊ ထမ်းဆောင်ရမယ့် တာဝန်၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်၊ လိုက်နာရမယ့် စည်းကမ်းတွေကို သိရှိလိုက်နာကျင့် သုံးနိုင်စေဖို့၊ ရုံးလုပ်ငန်း သဘောသဘာဝနဲ့ ရုံးလုပ်ငန်းတွေကို သိရှိနားလည်ပြီး မိမိတို့ တာဝန်ယူ ဆောင်ရွက်ရတဲ့ ရုံးလုပ်ငန်းတွေကို မှန်ကန် မြန်ဆန်စွာနဲ့ ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါ ကြောင်းသင်ကြားပို့ချခဲ့တဲ့ဘာသာရပ်တွေ အပေါ် သင်တန်းသားအားလုံးက ကောင်းစွာ နားလည်သဘောပေါက်ပြီးတော့ လုပ်ငန်းခွင်ထဲကို ဝင်ရောက်ဖို့ အဆင်သင့်ဖြစ် နေကြပြီလို့ ယုံကြည်ပါကြောင်း၊မိမိတို့ တာဝန်ယူ ဆောင်ရွက်ရတဲ့ ရုံးလုပ်ငန်း တွေကို မှန်ကန် မြန်ဆန်စွာနဲ့ ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်စေဖို့ ရည် ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ  သင်တန်းသားများအနေနဲ့ မိမိတို့တာဝန်ကျ ရာဒေသအသီးသီးကို ပြန်လည်ရောက်ရှိတဲ့အခါမှာ ဒီသင်တန်းကနေရရှိခဲ့တဲ့ အသိပညာဗဟုသုတ  တွေကိုပြန်လည်မျှဝေကြရင်း ဌာနလုပ်ငန်းတွေကို အဆင်ပြေချောမွေ့ အောင်မြင်အောင် ဆောင် ရွက် ကြပါ၊ မိမိတို့ရဲ့ဌာနအကျိုး၊ နိုင်ငံ့အကျိုးကိုစွမ်းဆောင်ရည် မြင့်မားစွာနဲ့ ကောင်းကျိုးသယ်ပိုး နိုင်တဲ့ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားခဲ့ပါကြောင်း သိရှိရပါ သည်။