31
Jan
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ “တိုးချဲ့ပညာပေးရေး၊ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း လုပ်ထုံးလုပ်နည်းများ နည်းစနစ်သင်တန်း အမှတ်စဉ်(၁) ” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ “တိုးချဲ့ပညာပေးရေး၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့် ရေရရှိရေးအကောင်အထည် ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းလုပ်ထုံးလုပ်နည်းများ နည်းစနစ်သင်တန်း အမှတ်စဉ်(၁)” သင်တန်းဆင်းပွဲအခမ်းအနားကို ၃၁-၁-၂၀၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဦးစီးရုံးချုပ်စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘ ကောင်း၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် အရာထမ်းများ အထူး ဖိတ်ကြားထားသော သစ်တောဦးစီးဌာနမှ အရာထမ်းများ တတ်ရောက်ခဲ့ကြပြီး သင်တန်းတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပါကြောင်းသိရှိရပ