15
Nov

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ (၂၇) ကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား ကျင်းပ

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ (၂၇) ကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၁၅-၁၁-၂၀၂၄ ရက်နေ့ (သောကြာနေ့) နံနက်(၀၆:၃၀) နာရီ အချိန်တွင် စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အစီအစဉ်အရ နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား အစီအစဉ်အား စတင်ဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာသော ဆရာတော်ကြီးများထံမှ (၈) ပါး သီလ ခံယူဆောက်တည်ကာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ နှင့်ဇနီး ဒေါ်ဌေးဌေး လွင် တို့မှလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဘကောင်း နှင့် ဇနီး ဒေါ်ညွှန့်ဝေသန်း တို့ နှင့် ကျန်အလှူရှင်များမှ ဆရာတော်ကြီးများအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ် လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရ ဇ္စျာယ်ပြီး ဝါဆို သင်္ကန်းအနုမောဒနာတရားချီးမြှင့်ပေးခြင်း၊ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပြီး၊ (၂၇) ကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲ သို့ တရားတော်နာ ကြွရောက်လာသူများအား မုန့်၊ လက်ဖက်ရည်တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြကြောင်းသိရှိရပါသည်။