08
Aug

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန တောကြပ်မှ တောခေါင်းရာထူးတိုးမြှင့်ပေးရန် ရေးဖြေနှင့်နှုတ်ဖြေစာမေးပွဲများကျင်းပ

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော       တောခေါင်း (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးသို့တိုးမြှင့်ပေးနိုင်ရေးအတွက် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ၂၉-၇-၂၀၂၄ ရက်နေ့၊    နံနက် (၉:၀၀  မှ ၁၂:၀၀) နာရီထိ ဦးစီးရုံးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။ တောခေါင်းရာထူးတိုး အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ဖြေဆိုခွင့်ရှိသူ ၁၁၃ ဦး၊ လာရောက်ဖြေဆိုသူ ဦးရေ ၁၀၉ ဦး ရှိကြောင်းသိရှိရပါသည်။

ဦးစီးရုံးချုုပ် စာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ တောကြပ် (၅၁) ဦးတို့အား ၂၉-၇-၂၀၂၄ ရက်နေ့မှ ၃၁-၇-၂၀၂၄ ရက်နေ့ထိ ဦးစီးရုံးချုပ်အစည်းအဝေးခန်းမတွင် Inperson ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးတွင်   ဖြေဆိုသူ  တောကြပ် (၄) ဦးတို့အား      ၁-၈-၂၀၂၄  ရက်နေ့တွင် ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊  ညွှန်ကြားရေးမှူးရုံးတွင် ဖြေဆိုသူ (၅၄) ဦးတို့အား ၁-၈-၂၀၂၄ ရက်နေ့မှ ၇-၈-၂၀၂၄ ရက်နေ့အထိ  Online (Zoom Meeting) ဖြင့် လည်းကောင်း နှုတ်ဖြေစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။