30
Jul

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝန်ထမ်းများ၏သားသမီးများထဲမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/‌သူ များအား ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ နှင့် မိသားစုဝင်များ၊ ဦးစီး ရုံးချုပ်ရှိ အရာထမ်း၊ အမှုထမ်းများ တတ်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ  ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်း သားကျောင်းသူများအား ဂုဏ်ပြုအမှာစကားမြွက်ကြားခြင်း၊ ထူးချွန်ကျောင်းသား/ကျောင်းသူများအား ညွှန်ကြားရေးမှူးချုပ်နှင့်ဒုတိယညွှန်ကြားရေးမှူးချုပ်မှ     ဂုဏ်ပြုဆုလက်မှတ်များ   ချီးမြှင့်ပေးအပ်ခြင်း နှင့် ဆုရ‌ ကျောင်းသား/ကျောင်းသူများကိုယ်စား ဘာသာစုံဂုဏ်ထူးရှင် မောင်ထက်ဝေလွင် အောင် မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ အခမ်းအနားအားရုတ်သိမ်းကြောင်း ကြေငြာခြင်း နှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြပါသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဖြေဆိုသူ (၁၁) ဦးအနက် အောင်မြင်သူ (၇) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၆၃.၆၄) ရာခိုင် နှုန်း ရှိပြီး (၆) ဘာသာ ဂုဏ်ထူးရှင် (၁) ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင် (၂) ဦး နှင့် ရိုးရိုးအောင်မြင်သူ (၄)  ဦး ပါဝင်ကြောင်းသိရှိရပါသည်။