21
Jul

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား လိုက်လံကြည့်ရှု့စစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုုပ် ဦးအောင်သူ၊ ညွှန်ကြားရေးမှူး ဦးမြင့်စိုး (စီမံကိန်း) နှင့် တိုင်းဒေသကြီးတာဝန်ခံညွှန်ကြားရေးမှူး တို့လိုက်ပါလျက်  ၁၉-၇-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာတွင် တည်ထောင်စိုက်ပျိုးထားရှိသော  ဘက်စုံသုံး တစ်ရွာ (၂) ဧက နှင့် သစ်စေ့ထုတ်ဧရိယာ (၁၀) ဧက ၏ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေ များ၊ ၂၀၂၄ ခုနှစ် မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သော လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး လုပ်ငန်း (၁၀၀၀) ပင် စစ်ဆေးခြင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးလုပ်ငန်း (၉၅၀) ပင်၏ ရှင်သန်ဖြစ်ထွန်းမှုအခြေအနေများအား စစ်ဆေးခြင်း၊ မြိုင် သာယာသဘာဝတော ထိန်းလုပ်ငန်းများ ၏ ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးခြင်း၊ ညောင်ဦး မြို့နယ်လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးလုပ်ငန်း (၅၇၀၀) ပင်၏ စိုက်ပျိုးထားရှိမှုများ၊ တုရင် တောင်စိမ်းလန်းစိုပြည်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး လုပ်ငန်း (၁၅၀) ပင်၏ အောင်မြင်ရှင်သန်ဖြစ်ထွန်းမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ ပါသည်။

ဆက်လက်၍  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြိုု့နယ်၊ ညောင်နီကျင်းကျေးရွာ နှင့် မိုလာကျေးရွာ တို့တွင် (၂၀၂၄ ခုနှစ်၊ မိုးရာသီ) တည်ထောင်စိုက်ပျိုးထားရှိသော  ဘက်စုံသုံးတစ်ရွာ (၂) ဧက  ၏ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေများ နှင့် လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး လုပ်ငန်း များ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခြင်း၊ ရေနံချောင်းမြို့နယ် ယာကြီး ပြင်နှင့် ယင်းမချောင်းကျေးရွာ (၂၀၂၄ ခုနှစ်၊ မိုးရာသီ) တွင် တည်ထောင်စိုက်ပျိုးခဲ့သော  ဘက်စုံသုံး တစ်ရွာ (၂) ဧက ၏ ရှင်သန်ဖြစ်ထွန်းမှုများအား ကြည့်ရှု့စစ်ဆေးခြင်း၊ Greening Complex Zone စီမံ ကိန်း စိုက်ခင်းများ နှင့် စံပြတမာစိုက်ခင်း (၁၀၀) ဧက လုပ်ငန်းများအား ကြည်ရှု့စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀-၇-၂၀၂၄ ရက်နေ့ ၌  မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၊ ဖန်းခါးစမ်းပျိုးဥယျာဉ် နှင့် ရေနံချောင်းမြို့နယ်အတွင်း တည်ထောင်စိုက်ပျိုးထားရှိသော ၁/၂၀၂၄ ရေဝေရေလဲစိုက်ခင်း (၆၀) ဧက၊ ၂/၂၀၂၄ အထူးစိမ်းလန်း စိုပြည်ရေးစိုက်ခင်း (၄၀၀၀) ပင် နှင့်  မကွေးမြို့နယ်အတွင်းရှိ လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများ၊ ဘက်စုံသုံးတစ်ရွာ (၂) ဧက စိုက်ခင်းများ နှင့် ချောက်မြို့နယ် ရွှေပုံတောင်ပျိုးဥယျာဉ် တို့ ၏ ရှင်သန်အောင် မြင်ဖြစ်ထွန်းမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာ ကြားခဲ့ကြောင်း သိရှိရပါသည်။