
“အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း”


အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီး အရာရှိများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၈-၃-၂၀၁၉ ရက်နေ့၊ နံနက်(၀၈:၀၀)နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၈-၃-၂၀၁၉ ရက်နေ့မှ ၂၉-၃-၂၀၁၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စ.ထ.ထ.ရ လုပ်ငန်းများနှင့် ပတ်သက်၍ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို မြို့နယ်တာဝန်ခံ ဦးစီးအရာရှိများ၊ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူးများက ရှင်းလင်းတင်ပြခြင်း၊ ဦးစီးရုံးချုပ် ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် သုံးသပ်ရှင်းလင်းဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်တို့မှ ရှင်းလင်းတင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ လမ်းညွှန်မှာကြားခြင်း၊ အထွေထွေဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ၂၉-၃-၂၀၁၉ ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။