
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၃)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၁-၉-၂၀၁၉ ရက်နေ့၊ မွန်းလွဲ(၁၇:၀၀)နာရီ အချိန်တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်ရုံး အရာထမ်းများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း လက်မှတ်များ ပေးအပ် ချီးမြှင့်ရာ သင်တန်းသားများ ကိုယ်စား သင်တန်းသား ခေါင်းဆောင်မှ လက်ခံရယူပါသည်။
သင်တန်းကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသောစာရေးဝန်ထမ်း(၃၀)ဦးဖြင့် (၂၀-၉-၂၀၁၉)ရက်နေ့မှ (၂၁-၉-၂၀၁၉)ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ် ပို့ချခဲ့ပါသည်။