
19
Feb
“အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပွဲ ကျင်းပခြင်း”


အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဝန်ထမ်းမိသားစုများ၏တပို့တွဲလ မြန်မာ့ရိုးရာ စုပေါင်း ထမနဲထိုးပွဲအား ၁၉-၂-၂၀၁၉ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ တပို့တွဲ လပြည့်နေ့)၊ နံနက်(၀၅:၃၀) နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ် ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါ သည်။
စုပေါင်း ထမနဲထိုးပွဲတွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာန၊ စီမံကိန်းဌာနနှင့် အင်ဂျင်နီယာဌာန များရှိ အရာထမ်း/အမှုထမ်း၊ မိသားစုများမှ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပါသည်။