
“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ် လမ်းညွှန်ချက်အရ တမာပျိုးပင်ကြီးများအား ချောက်မြို့နယ်၊ ရွှေပုံတောင်ဧရိယာတွင် မိုးရာသီအကြို ရေလောင်းစိုက်ပျိုးခြင်း”


(၃၀-၁၂-၂၀၁၈)ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်၌ “အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၉ခုနှစ် မိုးရာသီ စိုက်ပျိုး တည်ထောင်မည့် အထူးစိမ်းလန်း စိုပြည်ရေး (ကွက်လပ်ဖြည့်) တမာပျိုးပင်ကြီး (၅၀၀)ပင်အား မိုးရာသီအကြို ရေလောင်း၍ စိုက်ပျိုးသွားရန်” လမ်းညွှန် မှာကြားချက်အရ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ရွှေပုံတောင် အထူးစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ မကွေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ချောက်မြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ ပါဝင်သည့် အဖွဲ့ဖြင့် ၁၃-၃-၂၀၁၉ ရက်နေ့မှ ၁၆-၃-၂၀၁၉ ရက်နေ့အထိ တမာ (ပျိုးပင်ကြီး) (၄၀၀)ပင်နှင့် ထနောင်းပျိုးပင် (၅)ပင်၊ စိန်တံချူပျိုးပင် (၆)ပင်၊ ပေါင်း (၄၁၁)ပင်အားလည်းကောင်း၊ (၁၇-၄-၂၀၁၉)ရက်နေ့မှ (၁၈-၄-၂၀၁၉)ရက်နေ့ထိ တမာ(ပျိုးပင်ကြီး) (၁၀၀)ပင်အား လည်းကောင်း မိုးရာသီအကြို ရေလောင်း၍ စိုက်ပျိုးဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးထားသည့် ပျိုးပင်များအား မိုးမကျမီကာလအတွင်း နေ့စဉ် ရေလောင်းခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။