အပူပိုင်းဒေသတွင် ရေထိန်းထားနိုင်သည့် သစ်ပင်၊ သစ်တောရှားပါးမှုကြောင့် ရွာသွန်း သည့် မိုးရေအများစုမှာ မြေအောက်သို့ စိမ့်ဝင်နိုင်ခြင်းမရှိဘဲ အတားအဆီးမရှိ စီးဆင်းပျောက်ကွယ်သွား သည့်အတွက် ရေရှားပါးသည့် အခြေအနေကို ကြုံတွေ့ရပါသည်။ သို့ဖြစ်ပါ၍ ရေအရင်းအမြစ်များ ဖော် ထုတ်ရေးကို စီမံကိန်းလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်အတွက် အောက်ပါလုပ်ငန်းရပ်များ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်–
(က) ရေကန်ငယ်တူးဖော်ခြင်း
(ခ) ကျောက်စီနုန်းထိန်းတမံငယ် ပြုလုပ်ခြင်း
(ဂ) မြေအောက်ရေ(အဝီစိတွင်း)တူးဖော်ခြင်း
(ဃ) ဂါလန်(၅၀၀၀) ဆံ့ မိုးရေစုကန်တည်ဆောက်ခြင်း
(င) တစ်ဖက်ရပ်ဆည်တည်ဆောက်ခြင်း
(စ) တိမ်ကောရေကန်ပြန်လည်တူးဖော်ခြင်း
(ဆ) စိုက်ခင်းအတွင်း ရေကန်ငယ်တူးဖော်ခြင်း
(ဇ) ဂါလန်(၁၀၀) ဆံ့ မိုးရေခံကွန်ကရစ်ကန်ပြုလုပ်ခြင်း
(ဈ)ဂါလန်(၂၀၀) ဆံ့ မိုးရေခံကွန်ကရစ်ကန်ပြုလုပ်ခြင်း