
16
Jul
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော် ကျင်းပခြင်း
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်း မိုင်တိုင်အမှတ်(၁၉/၆) ယာဘက် တံခွန်ချောင်းရှည်ဆည်နှင့် သပြေကျေးရွာအနီး၌ (၃-၇-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သစ်ပင်စိုက်ပွဲတော်သို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် NGO အဖွဲ့အစည်းများ ပါဝင်သည့် စုစုပေါင်း လူဦးရေ (၁၂၅)ဦးဖြင့် တမာ၊ ယူကလစ်၊ ဝါးပိုးဝါး၊ မျှင်ဝါ စုစုပေါင်း (၂၀၀)ပင်အား စိုက်ပျိုးခဲ့ပါသည်။