19
Jun

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ “၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှု နှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

 

၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၈) ရက်

          မန္တလေးတိုင်းဒေသကြီး၊  တံတားဦးမြို့နယ် တွင် “ ၂၀၂၄ခုနှစ် ကမ္ဘာ့သဲကန္တ ရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကို ၁၈-၆-၂၀၂၄ ရက်နေ့ နံနက်၈:၀၀ နာရီ အချိန်တွင်  တံတားဦးမြို့နယ်၊ သူငယ်တော်တောရဘုန်းတော်ကြီးကျောင်းဝင်းတွင် ကျင်းပပြုလုပ်ရာ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာထမ်း/အမှုထမ်းများ၊ မြို့နယ်အမျိုးသမီး ရေး ရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ဒေသခံပြည်သူများ စုစု ပေါင်း (၂၃၀) ဦး တတ်ရောက်ခဲ့ကြပြီး   စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။ သစ်ပင်စိုက်ပျိုးပွဲတော်တွင် သင်္ဘောကုက္ကို (၃၂၀) ပင်၊ ယူကလစ် (၂၈၀) ပင် စုစုပေါင်း အပင် (၆၀၀) စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။