17
Jun

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင် ၂၀၂၄ ခုနှစ် “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့ တွင် “ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှု နှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကို ၁၇-၆-၂၀၂၄ ရက်နေ့ နံနက်၉:၀၀ နာရီ အချိန်တွင်  ရမည်းသင်းမြို့နယ်၊ စည်ပင် ကျေးရွာ၊ ရွာရှေ့ဘုန်းကြီးကျောင်းဝန်းတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ  စုစုပေါင်း (၅၂) ဦး တတ်ရောက်ခဲ့ကြပြီး   စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ ကြပါသည်။ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း (၁၈၀) ပင်၊ ပိတောက် (၁၈၀) ပင်၊ သင်္ဘောကုက္ကို (၁၈၀) ပင် စုစုပေါင်း (၅၄၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ အဆိုပါအထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတော်အား ၁၇-၆-၂၀၂၄ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန် ပျော်ဘွယ်မြို့နယ်၊ ကျီနီအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် ကျင်းပပြုလုပ်ရာ ပျော်ဘွယ်မြို့ နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၀၅) ဦး တတ်ရောက်၍ သစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့ကြပါသည်။ သစ်ပင်စိုက်ပျိုးပွဲ တော်တွင်  ပိတောက် (၃၀၂) ပင်၊ ယူကလစ် (၃၀၂) ပင် စုစုပေါင်း (၆၀၄) ပင် စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။