19
Jun

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ “၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှု နှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ “ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၈) ရက်

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် တွင် “ ၂၀၂၄ခုနှစ် ကမ္ဘာ့သဲကန္တရဖြစ် ထွန်းမှု နှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပဆောင်ရွက် ခဲ့ကြကြောင်းသိရှိရပါသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကို ၁၈-၆-၂၀၂၄ ရက်နေ့     နံနက်၈:၀၀ နာရီ အချိန်တွင်  ဝမ်းတွင်းမြို့နယ်၊ ဘုရားစု  ကျေးရွာတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအရာထမ်း/အမှုထမ်းများ၊ ဒေသခံပြည်သူများ  စုစုပေါင်း (၆၄) ဦး တတ်ရောက်ခဲ့ကြပြီး   စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း (၁၀၀) ပင်၊ ပိတောက် (၁၀၀) ပင်၊ သင်္ဘောကုက္ကို (၂၅၀) ပင်၊ ယူကလစ် (၇၄) ပင် စုစုပေါင်း (၅၀၄) ပင် စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။