30
Jun

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

၃၀-၆-၂၀၂၄ ရက်‌နေ့ တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်‌ရေးဦးစီးဌာန၊ ညောင်ဦးမြို့နယ်         တုရင်တောင် အဆိုပြုကြိုးပြင်ကာကွယ်တောအတွင်းရှိ   ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်  သဘာဝတောကျန် များထိန်းသိမ်းကာကွယ်ခြင်း ၁၀၀၀ ဧက ၌ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပဆောင်ရွက်ခဲ့ပါသည်။     အခမ်းအနားသို့ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးနန်းတင့်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန        လက်ထောက်ညွှန်ကြားရေးမှူး   ဦးမင်းနိုင်ဦး၊ အပူပိုင်း     ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညောင်ဦးမြို့နယ် ဦးစီးအရာရှိ ဦးအောင်ဇော်လတ်၊ သစ်တောဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဦးသန့်ဇင်-၆၊ လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ၊ မြန့်မာ့သစ်လုပ်ငန်းနှင့် မြို့နယ်စိမ်းစိုဌာနမှဝန်ထမ်းများမှ ရတနာတန်းဝင် သစ်မျိုးများဖြစ်သည့် ကျွန်း ၁၅၀ ပင်၊ သစ်ပိတောက် ၁၀၀ ပင်၊ မန်ကျည်း ၁၀ ပင် စုစုပေါင်း (၂၆၀) ပင် အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။