17
Jun

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တွင် ၂၀၂၄ ခုနှစ် “ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှု နှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

   

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့သဲကန္တရ ဖြစ် ထွန်းမှု နှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး ပွဲတော်ကို ၁၇-၆- ၂၀၂၄ ရက်နေ့ နံနက် ၈း၀၀ နာရီ အချိန် တွင် ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်း ဘေးဝဲယာ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှုး၊ မြို့ နယ်အုပ်ချုပ်ရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် ကျောက်ဆည်မြို့နေ ဒေ သခံပြည်သူများ စုစုပေါင်း (၅၃၀) ဦး တတ်ရောက်ခဲ့ကြပါသည်။ သစ်ပင် စိုက်ပျိုးပွဲတော်တွင်     ပျဉ်းမ၊ ဆီးဖြု၊ ကျွန်း၊ ပိတောက်၊ ခရေ၊ စိန်ပန်း၊ မဲဇလီ၊ တမာ၊ ရေတမာ၊ သပြေဘူတ၊ သင်္ဘောကုက္ကို၊ ငုရွှေဝါ စုစုပေါင်း သစ်မျိုး (၁၂) မျိုး သစ်ပင်ပေါင်း (၅၇၆) ပင်   အား စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။