19
Jun

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ၂၀၂၄ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

၂၀၂၄ခုနှစ်၊ ဇွန်လ (၁၈) ရက်

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော “၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်” ကို ဇွန်လ (၁၈) ရက်နေ့ နံနက်(၀၈:၀၀) နာရီက ဘုရားငါးဆူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးသက်ကျော် နှင့် အဖွဲ့ဝင်များ၊     မြို့နယ်ပညာ ရေးမှူး ဦးလှထွန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မြ၊ အကျဉ်းဦးစီးဌာန မှဝန်ထမ်းများ၊       ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း  လူအင်အား ၂၅၀ ဦး  တတ်ရောက်ခဲ့ကြပါသည်။ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်တွင်      ပိတောက် (၅၀၀)၊  စိန်ပန်း (၅၀၀)၊  သပြေဘူတ (၅၀၀)    စုစုပေါင်းသစ်ပင် ၁၅၀၀ ကျော်အား စုပေါင်း၍ တပျော်တပါးစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။