
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန အစည်းအဝေးခန်းမဆောက်လုပ်ရန် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း(Expression of Interest)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
အစည်းအဝေးခန်းမဆောက်လုပ်ရန် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း
(Expression of Interest)
၁။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်ဝင်းအတွင်း (၉၇‘ x ၅၄‘ x ၁၄‘ + ၂၀‘ x ၂၀‘) အရွယ်ရှိ (RC တစ်ထပ်) အစည်းအဝေးခန်းမ (၁) ခုအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်သွားမည်ဖြစ်ပါ သဖြင့် စိတ်ဝင်စားသူ လုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့်ရွေးချယ်၍ ဆောင်ရွက်သွားမည်ဖြစ် ပါသည်။
၂။ စိတ်ဝင်စားသူ လုပ်ငန်းရှင်များသည် ပဏာမအရည်အချင်းဆန်းစစ်ရန်အတွက် စိတ်ဝင်စားမှု ဖေါ်ပြခြင်းလျှောက်လွှာ (Expression of Interest) တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကို အဆိုပြု ဖေါ်ပြလျက် လိုအပ်သော အထောက်အထား အချက်အလက်များနှင့်အတူ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ ပုသိမ်ကြီးမြို့သို့ (၆-၄-၂၀၁၅) ရက်နေ့ (၁၆:၀၀)နာရီ နောက်ဆုံး ထား၍ ပေးပို့ရန်ဖြစ်ပါသည်။ ပဏာမအရည်အချင်းဆန်းစစ်၍ အရည်အချင်းပြည့်မီသည့် လုပ်ငန်း ရှင်များကိုသာ တင်ဒါဝင်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။
၃။ စိတ်ဝင်စားမှုဖေါ်ပြခြင်း လျှောက်လွှာပုံစံများကို အောက်ဖေါ်ပြပါလိပ်စာတွင် (၂၃-၃-၂၀၁၅) ရက်နေ့မှစ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။
၄။ အသေးစိတ်အချက်အလက်များအားစုံစမ်းမေးမြန်းလိုပါက ရုံးချိန်အတွင်း အောက်ပါအတိုင်း စုံစမ်းမေးမြန်းနိုင်ပါသည်-
ဖုန်း – ၀၂-၅၇၀၃၈ , ၀၂-၅၇၀၃၅, ၀၉-၄၅၁၂၃၉၆၅၈, ၀၉-၄၃၀၁၃၂၆၁
လိပ်စာ – အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ ပုသိမ်ကြီးမြို့