စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
ပုသိမ်ကြီးမြို့
စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူး (၈၁) နေရာအတွက် လျှောက်လွှာခေါ် ယူမှုအား ၃၀-၁၁-၂၀၂၄ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ဖြစ်ပါသဖြင့် ရေးဖြေစာမေးပွဲအား ဘာသာရပ် (၁) ခုလျှင် (၂) နာရီ မေးခွန်းဖြင့် သက်ဆိုင်သူများလျှောက်ထားခဲ့သည့် ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အောက်ပါအတိုင်း ဖြေဆိုရမည် ဖြစ်ပါသည်-
စဉ် | ရက်စွဲ | အချိန် | ဘာသာရပ် | မှတ်ချက် |
ညွှန်ကြားရေးချုပ်ချူပ်ရုံး၊ မန္တလေးတိုင်းဒေသကြီး |
||||
က | ၁၆-၁၂-၂၀၂၄ | နံနက် (၀၉:၀၀)နာရီမှ (၁၁:၀၀) နာရီအထိ | အထွေထွေဗဟုသုတ | |
ခ | ၂၀-၁၂-၂၀၂၄ | နံနက် (၀၉:၀၀) နာရီမှ (၁၀:၀၀) နာရီအထိ | ကွန်ပျူတာ | |
စစ်ကိုင်းတိုင်းဒေသကြီး |
||||
ဂ | ၁၈-၁၂-၂၀၂၄ | နံနက် (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ | အထွေထွေဗဟုသုတ | |
ဃ | ၁၈-၁၂-၂၀၂၄ | နေ့လယ် (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီအထိ | ကွန်ပျူတာ |
၂။ ဖြေဆိုခွင့်ကတ်ပြားများကို ၁၃-၁၂-၂၀၂၄ ရက်နေ့နှင့် ၁၄-၁၂-၂၀၂၄ ရက်နေ့တို့တွင် ရုံးချိန် အတွင်း ထုတ်ပေးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့် နေ့ရက်တွင် တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ပါသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန