
ကျေးရွာသုံးထင်းစိုက်ခင်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်


ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ထင်းစိုက်ခင်းများအား စီမံကိန်းကျေးရွာများသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ မြေသင်းတွင်းကြိုးပြင်ကာကွယ်တောအတွင်းရှိ JICA စီမံကိန်း ရှင်းလင်းဆောင်၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း တက်ရောက်ခဲ့ပါသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့၏ စီမံကိန်းအဆင့် ၄ ဆင့်ဖြင့် တည်ထောင် စိုက်ပျိုးခဲ့သည့်သစ်တောစိုက်ခင်း ၃၇၉၈ ဧကအနက်မှ ထင်းစိုက်ခင်း စုစုပေါင်း၁၇၈၆ ဧကကို လက်ပံတဲကျေးရွာ၊ ညောင်ကြီးကျေးရွာ၊ အောင်သာကျေးရွာ၊ ဇီးအိုကျေးရွာနှင့် ချောက်ကန်ကျေးရွာများသို့ ထင်းစိုက်ခင်းအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များနှင့်တကွ စနစ်တကျအသိအမှတ်ပြုလွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသတင်းရရှိပါသည်။