
ကိုရီးယား သမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖို ဖြန့်ဝေရေးစီမံကိန်း ဒုတိယအကြိမ် စီမံကိန်းကြီးကြပ်မှု ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း


ကိုရီးယား သမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် မီးဖိုဖြန့်ဝေရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို (၁၈-၉-၂၀၁၉) ရက်နေ့ မွန်းလွဲ (၁၅း၃၀)အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် စီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး(၃)ခုမှ ညွှန်ကြားရေးမှူးများ၊ CCC စီမံကိန်းနှင့် သက်ဆိုင်သော အင်ဂျင်နီယာဌာနမှ အရာထမ်းများ တက်ရောက်၍ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ မီးဖိုအရည်အသွေး ပိုမိုကောင်းမွန်လာစေရေး၊ ထပ်မံတိုးချဲ့မည့် စီမံကိန်းလုပ်ငန်းခွဲနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ပြီး CCC မှ Ms, So-hee KIM (Secretarty General) က နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေး အား ရုတ်သိမ်းခဲ့ပါသည်။