GERES စီမံကိန်း
The Group for Environment, Renewable Energy and Solidarity (GERES) နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ သာစည်မြို့နယ်အတွင်း ကျေးလက်နေပြည်သူ များနှင့် အိမ်ထောင်စုများ စွမ်းအင်ရရှိရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း “Cooperation on the Rural Energy Access for Communities and Households (REACH) Project in Thazi Township”ကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် စီမံကိန်းကာလ (၃၂) လကြာ ဆောင်ရွက် လျက်ရှိပါသည်။ ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းမှာ ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(French Development Agency-AFD) ဖြစ်ပြီး၊ ထောက်ပံ့မှုပမာဏ (ရန်ပုံငွေ) မှာယူရို (၆၂၀,၀၀၀) ဖြစ်ပါသည်။
(၁.၄.၂၀၁၉) ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် GERES တို့ RoD လက်မှတ် ရေးထိုးခဲ့ပြီး စီမံကိန်းလုပ်ငန်းများအနေဖြင့် ဈေးကွက်သုတေသနဆောင်ရွက်ခြင်း၊ လုပ်ငန်းရှင်များအား အကဲဖြတ်ခြင်းနှင့် စိစစ်ရွေးချယ်ခြင်း၊ စွန့်ဦးတီထွင်သူများမှ ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းသတ်မှတ် ခြင်းနှင့် သက်ဆိုင်ရာသင်တန်းများပေးခြင်း၊ ဈေးကွက်တင်နည်းဗျူဟာ ဖော်ထုတ်ခြင်းနှင့် အသုံးချခြင်း၊ ရေရှည်သုံးစွမ်းအင်သုံးပစ္စည်းများ ဖြန့်ဖြူးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။