တည်နေရာနှင့် အကျယ်အဝန်း

        အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန စတင် ဖွဲ့စည်းစဉ်က စစ်ကိုင်းတိုင်း၊ မ​ကွေးတိုင်းနှင့် မန္တလေးတိုင်းတို့အတွင်းရှိ ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၅၇ မြို့နယ်၏ စုစုပေါင်း အကျယ်အဝန်း ၂၁၅၅၇၄၅၉ ဧက (၂၁.၅၆ ဧကသန်း) အတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် (ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်) အား ချန်လှပ်ကာ တိုင်းဒေသကြီးတိုင်း၊ ၁၂ ခရိုင်၊ မြို့နယ် ၅၄ မြို့နယ်၊ အကျယ်အဝန်း ၂၀၁၇၈၉၂၆ ဧက (၂၀.၁၇ ဧကသန်း) ဖြင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေ ပါသည်။

           အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များ၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

စဉ်

တိုင်းဒေသကြီး

ခရိုင်

မြို့နယ်

စစ်ကိုင်း

စစ်ကိုင်း

(၁) စစ်ကိုင်း၊ (၂) မြောင်၊(၃) မြင်းမူ၊

မုံရွာ

(၄) မုံရွာ၊ (၅) ချောင်းဦး၊ (၆) ဘုတလင်၊

(၇) ဆားလင်းကြီး၊ (၈) ယင်းမာပင်၊

(၉) အရာတော်၊ (၁၀) ပုလဲ

ရွှေဘို

(၁၁) ရွှေဘို၊ (၁၂) ဝက်လက်၊ (၁၃) ဒီပဲယင်း၊

(၁၄) ရေဦး၊ (၁၅) တန့်ဆည်၊ (၁၆) ကန့်ဘလူ၊

(၁၇) ခင်ဦး

မကွေး

 

မကွေး

(၁၈) ချောက်၊ (၁၉) ရေနံချောင်း၊

(၂၀) နတ်မောက်၊ (၂၁) မြို့သစ်၊

(၂၂) တောင်တွင်းကြီး၊ (၂၃) မကွေး

မင်းဘူး

(၂၄) စလင်း၊ (၂၅) ပွင့်ဖြူ၊ (၂၆) မင်းဘူး၊

(၂၇) ငဖဲ

ပခုက္ကူ

(၂၈) ပေါက်၊ (၂၉) မြိုင်၊ (၃၀) ရေစကြို၊

(၃၁) ပခုက္ကူ၊   (၃၂) ဆိပ်ဖြူ

သရက်

(၃၃) မင်းလှ၊ (၃၄) ဆင်ပေါင်ဝဲ၊ (၃၅) အောင်လံ၊

(၃၆) သရက်၊ (၃၇) မင်းတုန်း၊ (၃၈) ကံမ

မန္တလေး

 

ကျောက်ဆည်

(၃၉) ကျောက်ဆည်၊ (၄၀) မြစ်သား၊

(၄၁) တံတားဦး

မြင်းခြံ   

(၄၂) မြင်းခြံ၊ (၄၃) နွားထိုးကြီး၊

(၄၄) တောင်သာ၊

(၄၅) ကျောက်ပန်းတောင်း၊ (၄၆) ငါန်းဇွန်

၁၀

ညောင်ဦး

(၄၇) ညောင်ဦး

၁၁

မိတ္ထီလာ 

(၄၈) မိတ္ထီလာ၊ (၄၉) သာစည်၊ (၅၀) ဝမ်းတွင်း၊

(၅၁) မလှိုင်

၁၂

ရမည်းသင်း

(၅၂) တပ်ကုန်း၊ (၅၃) ရမည်းသင်း၊

(၅၄) ပျော်ဘွယ်