သတင်းများ

,

“The Project of CCC Program of Activities (PoA) for Distribution of Improved Cook Stoves (ICS) in developing South and Southeast Asian countries (Myanmar)” စီမံကိန်း အတွက် RoD  လက်မှတ်ရေးထိုးခြင်း အခမ်းအနားအား (၄-၄-၂၀၁၈)ရက်နေ့ နံနက်(၁၀)နာရီတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့

,

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၏ ဌာနတည်ထောင်ခြင်း “နှစ်(၂၀)ကာလ(၁၉၉၇-၂၀၁၇) လုပ်ငန်း ဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Seminar on Review of 20-years (1997-2017) Dry Zone Greening Department Activities)ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမ၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်

,

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူးများ၊ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို (၁-၄-၂၀၁၈) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်းမှ တက်ရောက် လမ်းညွှန်မှာကြားခဲ့

,

ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲအခမ်းအနားကို (၃၁-၃-၂၀၁၈)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဒေသခံ NGOs/CSOsများ၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ လောင်စာတောင့်နှင့် စွမ်းအားမြှင့် မီးဖိုလုပ်ငန်းရှင်များ၊ ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာဆု ရရှိသည့် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးအသီးသီး၏ ကျေးရွာ(၃)ရွာမှ ဒေသခံပြည်သူများ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များစုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်

, ,

လူတွေ့စစ်ဆေးမည့်သူများအား (၂၅-၃-၂၀၁၈) ရက်နေ့ (၀၉:၃၀)၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပုသိမ်ကြီးမြို့တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပါသဖြင့် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာန သို့ (၂၄-၃-၂၀၁၈) ရက်နေ့ (စနေနေ့) (၁၆:၃၀) နာရီအချိန် နောက်ဆုံးထား၍ သတင်းပေး ပို့ရမည်ဖြစ်ပါသည်။

,

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော (ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) တောအုပ်ကြီး (၁၅) နေရာ အတွက် လျှောက်လွှာများ တင်သွင်းနိုင်

,

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိများတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုသိမ်ကြီး မြို့၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ မှ (၁၆)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့

,

“မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲ မှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ထိခိုက်နိုင်မှုများကို ဖြေရှင်းနိုင်ရေးလုပ်ငန်း စီမံကိန်း” (Addressing Climate Change Risks on Water Resources and Food Security in the Dry Zone of Myanmar) ၏ ဆဋ္ဌမအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ အထူးအစည်းအဝေး (6th Special Project Steering Committee Meeting) ကို ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ကျင်းပခဲ့

,

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများကို ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစားခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တိုးချဲ့ပညာပေးခြင်း သင်တန်း အမှတ်စဉ်(၁)ကို ဦးစီးရုံးချုပ်၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်း အဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ပေးခဲ့

Pages