သတင်းများ

,

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာ (၁၅)နေရာ ခန့်အပ်နိုင်ရေးအတွက် တောအုပ်ကြီး ရာထူးဝင် အရည်အချင်းစစ် စာမေးပွဲကို (၃-၈-၂၀၁၉)ရက်​နေ့နှင့် (၄-၈-၂၀၁၉)ရက်​နေ့တို့တွင်  နေပြည်တော်၊ ရေဆင်းရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ စာမေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာ (၁၅)နေရာ ခန့်အပ်နိုင်ရေးအတွက် (၃-၈-၂၀၁၉)ရက်နေ့နှင့် (၄-၈-၂၀၁၉)ရက်နေ့များတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၌ ကျင်းပပြုလုပ်မည့် တောအုပ်ကြီးရာထူးဝင် အရည်အချင်းစစ် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများအနေဖြင့် ၂-၈-၂၀၁၉ ရက် (သောကြာနေ့) (၀၉:၀၀)နာရီမှ (၁၆:၀၀)နာရီ အချိန်အတွင်း သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းရှိ ကျောင်းသားရေးရာဌာနတွင် မှတ်ပုံတင်မူရင်းပြသ၍ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ကတ်များ ထုတ်ယူရန်ဖြစ်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။

,

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ်(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး (၁၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်

,

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)  တို့ပူးပေါင်း၍ Adaptation Fund-AF ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်“မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေး စီမံကိန်း” စီမံကိန်းကြီးကြပ်မှု ကော်မတီ၏ နဝမအကြိမ် အစည်းအဝေးကို ၁၈-၆-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့

,

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်း‌ဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး (ပုသိမ်ကြီးမြို့)ရှိ ဘတ္ထရီအဟောင်း(၃၀၀)လုံး နှင့် တာယာအဟောင်း(၅၆၀)လုံး တို့ကို လေလံတင် ရောင်းချမည်ဖြစ်

,

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ၂၂-၅-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့

,

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း​ရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၁၃-၅-၂၀၁၉) ရက်နေ့၊ နံနက် (၉:၃၀) နာရီ အချိန်တွင် World Bank Mission မှ Senior Environmental Specialist ဖြစ်သူ Mr. Martin Foder ဦးဆောင်သည့် အဖွဲ့မှ လာရောက်​ တွေ့ဆုံရာ ညွှန်ကြားရေးမှူးချုပ် ဦး​ဆောင်သည့် တာဝန်ရှိသူများမှ လက်ခံ​​တွေ့ဆုံ ဆွေး​နွေးခဲ့

,

(၃၀-၁၂-၂၀၁၈)ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်၌ “အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၉ခုနှစ် မိုးရာသီ စိုက်ပျိုး တည်ထောင်မည့် အထူးစိမ်းလန်း စိုပြည်ရေး (ကွက်လပ်ဖြည့်) တမာပျိုးပင်ကြီး (၅၀၀)ပင်အား မိုးရာသီအကြို ရေလောင်း၍ စိုက်ပျိုးသွားရန်” လမ်းညွှန် မှာကြားချက်အရ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ရွှေပုံတောင် အထူးစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ မကွေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ချောက်မြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ ပါဝင်သည့် အဖွဲ့ဖြင့် ၁၃-၃-၂၀၁၉ ရက်နေ့မှ ၁၆-၃-၂၀၁၉ ရက်နေ့အထိ တမာ (ပျိုးပင်ကြီး) (၄၀၀)ပင်နှင့် ထနောင်းပျိုးပင် (၅)ပင်၊ စိန်တံချူပျိုးပင် (၆)ပင်၊ ပေါင်း (၄၁၁)ပင်အားလည်းကောင်း၊  (၁၇-၄-၂၀၁၉)ရက်နေ့မှ (၁၈-၄-၂၀၁၉)ရက်နေ့ထိ တမာ(ပျိုးပင်ကြီး) (၁၀၀)ပင်အား လည်းကောင်း မိုးရာသီအကြို ရေလောင်း၍ စိုက်ပျိုးဆောင်ရွက်ခဲ့

,

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် သန္ဓေတောခေါင်းများအား မြန်မာနိုင်ငံ သစ်တောကျောင်း၊ ၂၀၁၉ ခုနှစ် အခြေခံ သစ်တောပညာ သင်တန်းအမှတ်စဉ်(၁၁၅)၊ (၂)နှစ်သင်တန်းသို့ တက်ရောက်နိုင်ရန်အတွက် သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို  ၂၂-၄-၂၀၁၉ ရက်နေ့နှင့် ၂၃-၄-၂၀၁၉ ရက်နေ့များတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့

Pages