UNDP- AF စီမံကိန်း

မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်‌ခြေများအား စီမံဖြေရှင်းရေးစီမံကိန်း“Addressing  Climate Change Risks on Water Resources and Food Security in the Dry Zone of Myanmar” အား Adaptation Fund Board၏ ငွေကြေးထောက်ပံ့မှုဖြင့်  United Nations Development Programme (UNDP)နှင့် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအားစစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် ချောက်မြို့နယ် ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့၌ လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်း မူလ လျာထားကာလ မှာ (၁၇-၂-၂၀၁၅)ရက်နေ့မှ (၁၆-၂-၂၀၁၉)ရက်နေ့အထိ (၄) နှစ် ဖြစ်သော်လည်း လုပ်ငန်း လိုအပ်ချက်အရ စီမံကိန်း ကာလအား no-cost extension ဖြင့်(၄)လ သက်တမ်းတိုးမြှင့် ခဲ့ပါသဖြင့် ၂၀၁၉ခုနှစ်၊ ဇွန်လ(၃၀) ရက်နေ့တွင် စီမံကိန်းလုပ်ငန်းများပြီးစီးခဲ့ပါသည်။ စီမံကိန်း အကောင်အထည်ဖော်မှုပုံစံအရ ကဏ္ဍအားလုံးတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်၍ UNDP က တိုက်ရိုက်အကောင်အထည်ဖော်ဆောင်ရွက်မှုဖြင့် Implementation Partners များအား Contract စနစ်ဖြင့် ငှားရမ်းအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဦးစီးဌာနအနေဖြင့် Main Government Agencyအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းလုပ်ငန်းများ အချိန်နှင့်တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြီးကြပ်လမ်းညွှန်မှု ပြုနိုင်ရေးအတွက် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) အား ဖွဲ့စည်းထားရှိပြီး စီမံကိန်းကြီးကြပ်မှုကော်မတီ အစည်းအဝေး များကို (၆)လျှင် တစ်ကြိမ် ကျင်းပခဲ့ရာ စုစုပေါင်း(၉)ကြိမ်ကျင်းပနိုင်ခဲ့ပါသည်။ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာ၌ နည်းပညာ ရပ်ဆိုင်ရာ အကြံဉာဏ်များ ပံ့ပိုးကူညီပေးနိုင် ရန်အတွက် နည်းပညာ အကြံပေးအဖွဲ့ (Technical Advisory Group – TAG) အား ဖွဲ့စည်းထားရှိပြီး နည်းပညာအကြံပေးအဖွဲ့အစည်းအဝေးများ ကို (၃)လလျှင် တစ်ကြိမ် ကျင်းပခဲ့ရာ စုစုပေါင်း (၁၅)ကြိမ် ကျင်းပနိုင်ခဲ့ပါသည်။ PSC နှင့် TAG အစည်း အဝေးများမရှိသည့် ကြားကာများတွင် စီမံကိန်း လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးမှု များပြုနိုင်ရန် စီမံကိန်းလစဉ်အစည်းအဝေး (Monthly Meeting)များကို UNDP-AF Team နှင့် Main Government Agency ဖြစ်သည့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ ပူးပေါင်း ကျင်းပရာ စုစုပေါင်း (၁၃)ကြိမ် ကျင်းပဆွေးနွေးနိုင်ခဲ့ပါသည်။ စီမံကိန်းတွင် အောက်ဖော်ပြပါ ကဏ္ဍကြီး(၃)ခုအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

ကဏ္ဍကြီး-၁၊ သောက်သုံးရေရှားပါးလာမှုအားလျော့ပါးပပျောက်ရေးကဏ္ဍ

ကဏ္ဍကြီး-၂၊ရာသီဥတုဒဏ်ခံနိုင်ရည်မြင့်များသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း များ ဖွံ့ဖြိုးလာစေရေးကဏ္ဍ

ကဏ္ဍကြီး-၃၊        သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုဆိုင်ရာ သတင်းအချက် အလက်များဖြန့်ဖြူးမှု ပိုမိုအားကောင်းလာစေရေးကဏ္ဍ

စီမံကိန်း၏ နဝမအကြိမ်မြောက် စီမံကိန်းကြီးကြပ်မှုကော်မတီ အစည်း အဝေးဆုံးဖြတ်ချက်အရ  စီမံကိန်းရန်ပုံငွေဖြင့်ဝယ်ယူ သုံးစွဲခဲ့သော စီမံကိန်း လုပ်ငန်းသုံး ပစ္စည်းများကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် စီမံကိန်းတွင် ဆက်စပ်ပါဝင် ခဲ့သော ဌာနအသီးသီးသို့ ခွဲဝေခဲ့ရာ စီမံကိန်းလုပ်ငန်းသုံး မော်တော်ယာဉ်ကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးရန်သာ ကျန်ရှိပြီး ကျန်စီမံကိန်းလုပ်ငန်းသုံး ပစ္စည်းများအားလုံးကို စီမံကိန်းတွင် ဆက်စပ်ပါဝင်ခဲ့သော ဌာနအသီးသီးသို့လွှဲပြောင်းပေးအပ်  ဆောင်ရွက်ပြီးဖြစ်ပါသည်။