သာစည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် အိမ်ထောင်စုများ စွမ်းအင်ရရှိရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း (REACH Project)

စီမံကိန်းအမည်

သာစည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် အိမ်ထောင်စုများစွမ်းအင်ရရှိရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း Cooperation on the Rural Energy Access for Communities and Households (REACH) Project in Thazi Township

 

RoD လက်မှတ်ထိုးသည့်ရက်

၁-၄-၂၀၁၉

စီမံကိန်းကာလ

(၁-၄-၂၀၁၉) မှ (၃၀-၁၁-၂၀၂၁) ထိ၊ (၃၂)လ

စီမံကိန်းဒေသ

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်

ထောက်ပံ့ငွေပေးသည့်အဖွဲ့/ပမာဏ

French Development Agency /   Euro 620,000

အကောင်အထည်ဖော်သည့်အဖွဲ့

The Group for the Environment, Renewable Energy and Solidarity (GERES)

P.S.C Meetings ကျင်းပသည့် နေ့ရက်များ

ကျင်းပနိုင်ခြင်းမရှိသေးပါ

ဆောင်ရွက်သည့်လုပ်ငန်းများ

စီမံကိန်းဧရိယာဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ အိမ်ထောင်စု (၁၀,၀၀၀)စု အနေဖြင့် အိမ်သုံး စွမ်းအင်ချွေတာရေးနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံး ပစ္စည်းများအား လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခြင်း၊ ဒေသခံမိသားစုများအနေဖြင့် ဝယ်ယူသုံးစွဲလိုသည့် အိမ်သုံးစွမ်းအင်ချွေတာရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးပစ္စည်း များအား စဉ်ဆက်မပြတ် ဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဒေသခံလုပ်ငန်းရှင်များအား လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပြုခြင်း

 

အထွေထွေ

စီမံကိန်းစတင်ခြင်း အခမ်းအနားကို မိတ္ထီလာခရိုင်တွင်၂၀၁၉ခုနှစ်၊ မေလအတွင်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။