Climate Change Center (CCC) စီမံကိန်း

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏အစီအစဉ်ဖြင့်တောင်အာရှနှင့် အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ/ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေရေးစီမံကိန်း

The Project of CCC Program of Activities for Distribution of Improved Cook Stoves in Developing South and Southeast Asian Countries (Myanmar)

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေတင်ပြချက်

                (၁)  စီမံကိန်းဆိုင်ရာအချက်အလက်များ

              (က)ရည်ရွယ်ချက်။  ထင်းလောင်စာသုံးစွဲမှုလျှော့ချခြင်းဖြင့် သဘာဝတောကျန်များ ထိန်းသိမ်းရေးကို အထောက်အကူပြုစေနိုင်ရန်၊ နိုင်ငံအနေဖြင့် UN-CDM Projectတစ်ခုကို UNFCCCနှင့် ချိတ်ဆက်၍ အကောင် အထည် ဖော်ဆောင်ရွက်သွားရန်၊ ဒေသခံပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်

(ခ)  စီမံကိန်းအမျိုးအစား။   အသေးစားသန့်ရှင်းသောဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်       (Small-scale Clean Development Mechanism - CDM)  စီမံကိန်း

(ဂ)စီမံကိန်းကာလ။  ၂၀၁၈ ခုနှစ် - ၂၀၂၃ ခုနှစ် အထိ (၆) နှစ်

        (ဃ)အကောင်အထည်ဖော်ဆောင်ရွက်မည့်အဖွဲ့အစည်း။  အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေးဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

(င) အထောက်အပံ့ပေးသည့် အဖွဲ့အစည်း။  Climate Change Center (CCC)၊ ကိုရီးယား  သမ္မတနိုင်ငံ

(စ) ရန်ပုံငွေရရှိမှု။  စီမံကိန်းလုပ်ငန်းခွဲခရိုင်(၆)ခုအတွက် အမေရိကန်ဒေါ်လာ(၇.၂)သန်း

        (ဆ)စီမံကိန်းဆောင်ရွက်မည့်ဒေသများ။  တိုင်းဒေသကြီး(၃)ခု၊ခရိုင်(၆)ခု၊မြို့နယ်(၂၇) မြို့နယ်

တိုင်းဒေသကြီး

ခရိုင်

မြို့နယ်

စစ်ကိုင်း

မုံရွာခရိုင်

 

မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊  ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ

စစ်ကိုင်းခရိုင်

စစ်ကိုင်း၊ မြင်းမူ၊ မြောင်

မကွေး

ပခုက္ကူခရိုင်

ပေါက်၊ မြိုင်၊ ရေစကြို၊ ပခုက္ကူ၊ ဆိပ်ဖြူ

မကွေးခရိုင်

ချောက်၊ ရေနံချောင်း၊ နတ်မောက်၊ မြို့သစ်၊  တောင်တွင်းကြီး၊ မကွေး

မန္တလေး

မြင်းခြံခရိုင်

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်

ရမည်းသင်းခရိုင်

ရမည်းသင်း၊ ပျော်ဘွယ်

                (၂)           စီမံကိန်းမှ ဆောင်ရွက်မည့်လုပ်ငန်းများ။   စီမံကိန်းလုပ်ငန်းခွဲ ခရိုင်တစ်ခု တစ်နှစ်လျှင် စွမ်းအားမြှင့်မီးဖို (၁၈,၀၀၀) လုံးဖြန့်ဝေပြီး (၅) နှစ်အတွင်း စွမ်းအားမြှင့်မီးဖို (၅၄၀,၀၀၀) လုံးကို စီမံကိန်းမြို့နယ် (၂၇) မြို့နယ်၊ ကျေးရွာ (၁၁၀၉) ရွာ၊ အိမ်ထောင်စု (၂၁၈,၆၈၈) စုအားဖြန့်ဝေသွားမည် ဖြစ်ပါသည်။စီမံကိန်းဝင်မြို့နယ်တိုင်းတွင်-

                (က)         ကနဦးအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း

                (ခ)           ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်တိုးချဲ့ပညာပေးခြင်း

                (ဂ)           နှစ်စဉ်စောင့်ကြည့် အကဲဖြတ်ခြင်း

                (ဃ)         စီမံကိန်းနောက်ဆုံးနှစ်တွင် သုံးသပ်အကဲဖြတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ပါသည်။

(၃)           Climate Change Center (CCC) မှ ယာဉ်နှင့် စက်ပစ္စည်းများ လက်ခံရရှိမှု။  စီမံကိန်း လုပ်ငန်းခွဲ (CPA) ခရိုင်(၆)ခုအတွက် အောက်ပါ ယာဉ်နှင့် စက်ပစ္စည်းများအား လက်ခံရရှိပြီးဖြစ် ပါသည်-

စဉ်

ပစ္စည်းအမျိုးအမည်

အရေအတွက်

Hundai Light Truck H 100

၆ စီး

Mitsubishi Double Cab L-200

၆ စီး

TVS Motorcycle

၆ စီး

Garmin GPS Map 78S

၆ လုံး

Laptop : Lenovo Ideal Pad 320151 KBRN

၆ လုံး

Multimedia Projector NP-VE3036

၆ လုံး

Nippon Tripod Screen (70 in ×70 in)

၆ လုံး

Canon 3010 Printer

၆ လုံး

5 KVA Generator

၆ လုံး

၁၀

Nikon D 3400 Camera

၆ လုံး

၁၁

Capacity - 50 Kg/ 30 Viss

၃၀ ခု

 

                (၄)           စီမံကိန်းမှ ရရှိမည့် အဓိကကျေးဇူးများ။

                        (က)     မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံးသော Clean Development Mechanism (CDM) Project အား အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်း၊

                        (ခ)       စွမ်းအားမြှင့်မီးဖို သုံးစွဲခြင်းဖြင့်ရရှိမည့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်သည့် ပမာဏ (Certified Emission Reductions- CERs) အနက် ၁၀% အား နိုင်ငံတော်မှ ရရှိမည် ဖြစ်ခြင်း၊

                        (ဂ)       သဘာဝတောများမှ ထင်း၊ မီးသွေးလောင်စာ ထုတ်ယူသုံးစွဲမှု လျှော့ချနိုင်မည် ဖြစ်ခြင်း၊

                        (၅)       စီမံကိန်းလုပ်ငန်းလျာထားချက်

ဘဏ္ဍာနှစ်

လုပ်ငန်းများ

ကနဦးအလုပ်ရုံဆွေး နွေးပွဲကျင်းပခြင်း(ကြိမ်)

စွမ်းအားမြှင့်မီးဖို

ဖြန့်ဝေခြင်း (လုံး)

မီးဖိုသုံးစွဲမှုများအား အကဲဖြတ်ခြင်း(ကြိမ်)

Batch A

Batch B

Batch A

Batch B

Batch A

Batch B

၂၀၁၈ ခုနှစ်၊(၆)လ

၂၂

 

 

 

 

 

၂၀၁၈-၂၀၁၉

 

၂၁

၁၀၈,၀၀၀

၁၀၈,၀၀၀

 

၂၀၁၉-၂၀၂၀

 

 

၁၀၈,၀၀၀

 

 

၂၀၂၀-၂၀၂၁

 

 

 

၁၀၈,၀၀၀

 

၂၀၂၁-၂၀၂၂

 

 

၁၀၈,၀၀၀

 

 

၂၀၂၂-၂၀၂၃

 

 

 

 

 

၂၀၂၃-၂၀၂၄

 

 

 

 

 

 

ပေါင်း

၂၂

၂၁

၃၂၄,၀၀၀

၂၁၆,၀၀၀

                (၆)           လက်ရှိဆောင်ရွက်ပြီးစီးမှုအခြေအနေ

 

အောက်ပါစီမံကိန်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ပါသည်-

(က)                               ၂၀၁၈ ခုနှစ်အတွက် ကျင်းပရန် လျာထားသည့် အလုပ်ရုံဆွေးနွေးပွဲများအား မြို့နယ် (၂၂)မြို့နယ်တွင် ကျင်းပပြီးစီးပြီးဖြစ်ပါသည်။

 

(ခ)      စီမံကိန်းအတွက် လိုအပ်သည့် စွမ်းအားမြှင့်မီးဖိုများကို မြန်မာနိုင်ငံစဉ့်အသင်းမှ     CCC က စာချုပ်ချုပ်ဆို ဝယ်ယူ၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသို့ ပေးပို့ပါသည်။

(ဂ)      စီမံကိန်းပထမနှစ် စွမ်းအားမြှင့်မီးဖိုဖြန့်ဝေခြင်းလုပ်ငန်းတွင် စွမ်းအားမြှင့်မီးဖို စုစုပေါင်း  (၁၀၉၃၄၂ )လုံးအား(၁၉-၁၂-၂၀၁၈) ရက်နေ့မှ(၅-၄-၂၀၁၉)ရက်နေ့အတွင်း သုံးစွဲသူ ဒေသခံများထံ ဖြန့်ဝေဆောင်ရွက်ပြီးဖြစ်ပါသည်။

        (ဃ) (၂၂.၂.၂၀၁၉) ရက်နေ့တွင် ပထမအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီအစည်း အဝေးအား ကျင်းပနိုင်ခဲ့ပါသည်။

        (င)       (၂၉.၃.၂၀၁၉) ရက်နေ့တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ (Project Executive Committee  PEC ) အစည်းအဝေးအား  ကျင်းပနိုင်ခဲ့ပါသည်။

        (စ)       (၂၀.၆.၂၀၁၉) ရက်နေ့တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ (Project Executive Committee  PEC ) အစည်းအဝေးအား  ကျင်းပနိုင်ခဲ့ပါသည်။

        (ဆ)     ပြန်လည်ပြည့်ဖြိုးခြင်းမရှိသည့််  ဇီဝဒြပ်ထုပမာဏ(Fraction of Non- renewable  Biomass-fNRB) စံညွှန်းကိန်းနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပခြင်း။

        (ဇ)       CPA ခရိုင်အသစ်(၂)ခု ထပ်မံ တိုးချဲ့ ဆောင်ရွက်ရန်ကိစ္စ။

        (စျ)      E-FrEE စဉ့်မီးဖိုအရည်အသွေး ပြည့်မီရေး နှင့်ပတ်သက်၍ အစည်းအဝေး ကျင်းပခြင်း။

        (ည)     စီမံကိန်း၏ စောင့်ကြည့််ကြီးကြပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် Training Workshop ကျင်းပပြုလုပ်ခြင်း။

        (ဋ)       ဖြန့်ဝေထားသည့် E-FrEE စဉ့်မီးဖိုများ၏ ထင်းလောင်စာ အသုံးပြုမှုပမာဏ (Bnew) တန်ဖိုးရရှိရန် (Bnew Survey) ပြုလုပ်ခြင်း။

                                      (ဌ)       ၅-၇-၂၀၁၉ ရက်နေ့တွင် IBK  တာဝန်ရှိသူများ မှ CCC စီမံကိန်း မြို့နယ် (၁)မြို့နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လိုခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ တိုးချဲ့ ဆောင်ရွက်မည့် CPA(၂)ခုနှင့် ပတ်သက်၍ အချက်အလက် များပေးပို့ရန်  Ms.Seo Hee Jun (Manager , CCC Yangon Office)  နှင့် ထပ်မံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

                                      (ဍ)       E -FrEE  စဉ့်မီးဖိုအရည်အသွေးပြည့်မီရေး၊ အပိုဆောင်း(၁၀%)မီးဖိုများနှင့် ပတ်သက် သည့် အစည်းအဝေးအား ၂၁-၆-၂၀၁၉ ရက်နေ့တွင် DZGD, CCC နှင့် SK တို့ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

                                      (ဎ)       စတုတ္ထအကြိမ်  စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ (Project Executive Committee  PEC ) အစည်းအဝေးအား  ၁၉-၈-၂၀၁၉ ရက်နေ့တွင် ကျင်းပပြီးစီး ဆောင်ရွက်ပြီးဖြစ်ပါသည်။

                                  (ဏ)        ပဥ္စမအကြိမ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ (Project Executive Committee  PEC ) အစည်းအဝေးအား  ၁၇-၉-၂၀၁၉ ရက်နေ့တွင် ကျင်းပပြီးစီး ဆောင်ရွက်ပြီးဖြစ်ပါသည်။

                                                     

                                  (တ)       စီမံကိန်းဒုတိယနှစ်အတွက် ဆောင်ရွက်ရန်ရှိသည့် ကနဦးအလုပ်ရုံဆွေးနွေးပွဲများ အား(၉-၈-၂၀၁၉)ရက်မှ (၂၀-၈-၂၀၁၉) ရက်နေ့တွင်  မြို့နယ်(၂၁) မြို့နယ်၌ ကျင်းပဆောင်ရွက်ပြီးဖြစ်ပါသည်။

                                  (ထ)         ဒုတိယအကြိမ် စီမံကိန်း ကြီးကြပ်မှုကော်မတီ (Project Streering Commmittee - PSC ) အစည်းအဝေးအား  ( ၁၈-၉-၂၀၁၉) ရက်နေ့တွင် ကျင်းပဆောင်ရွက် ပြီးစီးပြီးဖြစ်ပါသည်။

                                 

                                  (ဒ)           Climate Change Center (CCC)   မှ စီမံကိန်း ဒုတိယနှစ်အတွက်  ကျေးရွာ(၅၅၀) တွင် စွမ်းအားမြှင့်မီးဖိုစုစုပေါင် (၁၀,၉၆၁၃)လုံးဖြန့်ဝေပြီးဖြစ်ပါသည်။

                                  (ဓ)           စီမံကိန်းပထမနှစ် အကဲဖြတ်ခြင်းအလုပ်ရုံဆွေးနွေးပွဲအား (၃၀-၉-၂၀၁၉) ရက်နေ့ တွင် ကျင်းပပြီးစီး ဆောင်ရွက်ပြီးဖြစ်ပါသည်။