စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ တင်ပြချက်
(၁) စီမံကိန်းအမည် သာစည်မြို့နယ်အတွင်းရှိကျေးလက်နေပြည်သူ များနှင့်အိမ်ထောင်စုများစွမ်းအင်ရရှိရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းCooperation on the Rural Energy Access for Communities and Households (REACH) Project in Thazi Township
(၂) RoD လက်မှတ်ထိုးသည့်ရက် ၁-၄-၂၀၁၉
(၃) စီမံကိန်းကာလ (၁-၄-၂၀၁၉) မှ(၃၀-၁၁-၂၀၂၁) ထိ၊(၃၂)လ
(၄) စီမံကိန်းဒေသ မိတ္ထီလာခရိုင်၊သာစည်မြို့နယ်
(၅) ထောက်ပံ့ငွေပေးသည့်အဖွဲ့/ပမာဏ French Development Agency / Euro 620,000
(၆) အကောင်အထည်ဖော်သည့်အဖွဲ့ The Group for the Environment, Renewable Energy and Solidarity (GERES)
(၇) P.S.C Meetings ကျင်းပသည့်နေ့ရက်များ ကျင်းပနိုင်ခြင်းမရှိသေးပါ
(၈) ဆောင်ရွက်သည့်လုပ်ငန်းများ စီမံကိန်းဧရိယာဖြစ်သည့်မန္တလေးတိုင်းဒေသကြီး၊သာစည်မြို့နယ် အတွင်းရှိ အိမ်ထောင်စု (၁၀,၀၀၀)စုအနေဖြင့်အိမ်သုံးစွမ်းအင်ချွေတာရေး နှင့်ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံးပစ္စည်းများအား လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက်လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ခြင်း၊ဒေသခံမိသားစုများအနေဖြင့်ဝယ်ယူသုံးစွဲလိုသည့်အိမ်သုံးစွမ်းအင်ချွေတာရေးနှင့်ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးပစ္စည်း များအားစဉ်ဆက်မပြတ်ဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဒေသခံ လုပ်ငန်းရှင်များအားလိုအပ် သည့်ကူညီပံ့ပိုးမှုများပြုခြင်း
(၉) လက်ရှိဆောင်ရွက်ပြီးစီးမှုအခြေအနေ
စဉ် |
လုပ်ငန်းအမည် |
လျာထား ချက် |
ဆောင်ရွက် ပြီးစီးမှု |
ဆောင်ရွက် ရန် ကျန် |
၁ |
စျေးကွက်သုသေသန ဆောင်ရွက်ခြင်း (ကြိမ်) |
၁ |
၁ |
- |
၂ |
လုပ်ငန်းရှင်များအား အကဲဖြတ်ခြင်းနှင့် စိစစ် ရွေးချယ်ခြင်း (ဦးရေ) |
၁၀ |
၅ |
၅ |
၃ |
စွန့်ဦးတီထွင်သူများမှ ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းသတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာသင်တန်း များပေးခြင်း |
၂ |
၁ |
၁ |
၄ |
စျေးကွက်တင်နည်းဗျူဟာ ဖော်ထုတ်ခြင်း နှင့် အသုံးချခြင်း |
၁ |
၁ |
- |
၅ |
ရေရှည်သုံးစွမ်းအင်သုံး ပစ္စည်းများ ဖြန့်ဖြူး ခြင်း
|
၁၀၀၀၀ |
၃၈၄ |
၉၆၁၆ |